၂။ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် အကြောင်းရင်းများ
သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သိပ္ပံနည်းကျသော၊ လက်တွေ့ကျသော၊ အကြောင်းအကျိုး ညီညွတ်သော နည်းလမ်းများကို အသုံးပြုလျက် လိုအပ်သော မေးခွန်းများ၏ အဖြေများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ သုတေသနပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မရှာဖွေမလေ့လာရသေးသော၊ တိမ်မြုပ်ဖုံးကွယ်နေသော အမှန်တရားများကို တွေ့ရှိရန်ဖြစ်သည်။  သုတေသနတစ်ခုစီတွင် မတူညီသော ကိုယ်ပိုင် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသော်လည်း သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း အုပ်စုများခွဲခြားနိုင်သည်၊
  • ဖြစ်ရပ်တစ်စုံတစ်ရာနှင့် ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ် နားလည်သိရှိရန် သို့မဟုတ် ထိုဖြစ်ရပ်နှင့် သက်ဆိုင်သော အမြင်သစ်များရရှိနိုင်ရန်၊
  • အုပ်စုတစ်စု သို့မဟုတ် အခြေအနေတစ်ရပ် သို့မဟုတ် တစ်ဦးချင်းစီ၏ ဝိသေသလက္ခဏာများကို တိတိကျကျ မှန်မှန်ကန်ကန် သရုပ်ဖော်ပြသရန်၊
  • တစ်စုံတစ်ရာဖြစ်ပေါ်ခြင်း သို့မဟုတ် ၄င်းနှင့်ဆက်စပ်သောအရာအချို့၏ ကြိမ်နှုမ်း (အကြိမ်အရေအတွက်) ကို သတ်မှတ်ရန်၊
  • ပြောင်းလဲကိန်း (variables)များ ကြားရှိ ဆက်စပ်မှုများ သို့မဟုတ် အယူကြမ်း (hypothesis) များ ကို စစ်ဆေးရန် တို့ဖြစ်ပါသည်။
သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများကို ထပ်မံစဉ်းစားလျှင် “ဘယ်အရာတွေက လူတွေကို သုတေသန ပြုလုပ်စေသလဲ” ဟူသောမေးခွန်းသည် အခြေခံကျပြီး အရေး ပါသော မေးခွန်းတစ်ခု ဖြစ်ပါသည်။ အောက်ပါ အချက်များသည် သုတေသနပြုလုပ်စေရန် ဖြစ်နိုင်ခြေ ရှိသော အကြောင်းရင်းများ ဖြစ်ပါသည်။
  • သုတေသနဘွဲ့ ရရှိရန်၊
  • မဖြေရှင်းရသေးသော ပြဿနာများကို ဖြေရှင်းရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊
  • ဖန်တီးတီထွင်ရသော အလုပ်များကို လုပ်ဆောင်ခြင်းအတွက် အသိဥာဏ်ပညာများ ရရှိရန်၊
  • လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊
  • ဂုဏ်သတင်းကောင်းရရှိရန် တို့ဖြစ်ကြသည်။
ထို့အပြင် သုတေသနပြုလုပ်ရသည့် အကြောင်းရင်းများထဲတွင် စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အချက်လည်း ပါဝင်နေသည်။  သုတေသနဆိုင်ရာ စူးစမ်းလေ့လာ ဖော်ထုတ်လိုသည့် အကြောင်းရင်း လေးမျိုးရှိသည်။  ၄င်းတို့မှာ –
  • ယခင်ကမရှိသေးသည့် အကြောင်းအရာ၊ အချက်အလက်များကို စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
  • ယခင်ကရှိပြီးသော်လည်းမပြည့်စုံသေးသဖြင့် ပြည့်စုံအောင်စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
  • ယခင်ကရှိပြီးသော်လည်း အမြင်သစ်ဖြင့် စူးစမ်းလေ့လာဖော်ထုတ်ခြင်း၊
  • ယခင်ကရှိပြီးသော်လည်း မှားယွင်းနေကြောင်းပြင်ဆင်လို၍ လေ့လာဖော်ထုတ်ခြင်း တို့ဖြစ်ကြသည်။
သို့သော်လည်း ဖော်ပြပါ အချက်များသည် လူများကို သုတေသနပြုလုပ်စေရန် ပြည့်စုံသော အကြောင်းရင်းများမဟုတ်သေးပါ။  အစိုးရ၏ ညွှန်ကြားချက်များ၊ အလုပ်တာဝန်များ ထမ်းဆောင်ခြင်းနှင့် ဆိုင်သော အခြေအနေရပ်များ၊ အသစ်အသစ်သော အကြောင်းအရာများအပေါ်တွင် စူးစမ်းသိလိုခြင်း၊ ပြောင်းလဲကိန်း (variables) များ၏ ဆက်စပ်မှုများကို နားလည်သိရှိလိုခြင်း၊ လူမှုရေးဆိုင်ရာ အသိ၊ သတိများနိုးကြားလာခြင်း တို့ကဲ့သို့သော များစွာသော အချက်များသည် လူများကို သုတေသန ပြုလုပ်စေရန် အရင်းခံအကြောင်းရင်း ဖြစ်ပါသည်။
Sampling With Replacement & Sampling Without Replacement
Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
Sampling with Replacement
Sampling with Replacement ဆိုသည်မှာ random sampling method တစ်မျိဒးြဖစ်သည်။  Population အတွင်းရှိ အဖွဲ့ဝင်သို့မဟုတ် item များကို sample ထဲတွင်ပါ၊င်ခွင့် တစ်ကြိမ်ထက်ပိုမိုပါဝင်ခွင့် ရရှိစေရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။  ဥပမာ ကျောင်းသားတစ်ရာ၏ အမည်များကို စာရွက်ပိုင်းလေးများပေါ်တွင် ရေးမှတ်ထားသည် ဆိုပါစို့။  ထိုစာရွက်ပိုင်းလေးများကို ခွက်လေးတစ်ခွက် တွင်ထည့်ကာ ရောနှောထားရမည်။  ထို့နောက် သုတေသီသည် ခွက်ထဲမှ စာရွက်တစ်ရွက် ကို ကျပန်းကောက်,ယူလိုက်ပြီး ထိုစာရွက်ထဲမှ အမည်ကို sample ထဲတွင်ထည့်သွင်းရန် မှတ်သားထားရမည်။  ပြီးလျှင် ထိုစာရွက်ကို ခွက်ထဲသို့ပြန်ထည့်ကာ တခြားအမည်ပါစာရွက်ပိုင်းလေးများနှင့် ရောနှောထားရမည်။ ထို့နောက် sample အတွက် နောက်တစ်ကြိမ် ခွက်ထဲမှ စာရွက်တစ်ရွက်ကို ထပ်မံရွေးချ,်ရမည်။  ဤတွင် ပထမရွေးချ,်လိုက်သော စာရွက်မှာ နောက်တစ်ကြိမ် ရွေးချယ်ခံရန်အတွက် တခြားအမည်စာရွက်များနှင့် အခွင့်အရေး အတူတူဖြစ်သည်။  ဤသည်ကို sampling with replacement ဟုခေါ်သည်။
Sampling without Replacement
Sampling with Replacement ဆိုသည်မှာ random sampling method တစ်မျိဒးြဖစ်သည်။  Population အတွင်းရှိ အဖွဲ့ဝင်သို့မဟုတ် item များကို sample ထဲတွင်ပါ၊င်ခွင့် တစ်ကြိမ်တည်းသာ ရရှိစေရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။  အထက်ပါ ဥပမာ အတိုင်း ကျောင်းသားတစ်ရာ၏ အမည်များကို စာရွက်ပိုင်းလေးများပေါ်တွင် ရေးမှတ်ထားသည် ဆိုပါစို့။  ထိုစာရွက်ပိုင်းလေးများကို ခွက်လေးတစ်ခွက် တွင်ထည့်ကာ ရောနှောထားရမည်။  ထို့နောက် သုတေသီသည် ခွက်ထဲမှ စာရွက်တစ်ရွက် ကို ကျပန်းကောက်,ယူလိုက်ပြီး ထိုစာရွက်ထဲမှ အမည်ကို sample ထဲတွင်ထည့်သွင်းရန် မှတ်သားထားရမည်။  ဤအကြိမ်တွင်ရွေးချယ်လိုက်သော စာရွက်ကို ခွက်ထဲသို့ပြန်မထည့်ဘဲ ဖယ်ထားကာ နောက်ထပ် sample အတွက် နောက်ထပ်အမည်စာရွက်တစ်ရွက်ကို ခွက်ထဲမှ ရွေးချယ်ရပါမည်။  ဤသည်ကို sampling without replacement ဟုခေါ်ပါသည်။
Conceptual Framework ပြုလုပ်ပုံ အဆင့်ဆင့်
Conceptual Framework  ပြုလုပ်လိုသူများအတွက် အကျဉ်းအားဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ပါသည်။
အဆင့် (၁) သုတေသန ခေါင်းစဉ်ရွေးပါ။
မည်သည့်ခေါင်းစဉ်ဖြင့် သုတေသနပြုမည်နည်းကို ဆုံးဖြတ်ပါ။  ထိုခေါင်းစဉ်သည် သင်အထူးပြုလေ့လာနေသော အကြောင်းအရာ ဘာသာရပ်ဖြစ်သင့်သည်။ 
အဆင့် (၂) Literature Review ပြုလုပ်ရေးသားပါ။
မိမိ၏ သုတေသန ခေါင်းစဉ်နှင့် ဆက်စပ်နှီးနွယ်သော၊ updated ဖြစ်သော သုတေသနများကို စစ်ဆေးသုံးသပ်ပါ။  ဖြစ်နိုင်လျှင်  ယုံကြည်အားကိုးလောက်သော သတင်းအချက်များပါဝင်သည့် နာမည်ကျော် သိပ္ပံ ဂျာနယ်များ၊ သက်ဆိုင်ရာ ပညာရှင်များရေးသားထားသော စာပေများကို  သုံးသပ်ပါ။ 
အဆင့် (၃) အရေးကြီးသော variables များကို သီသန့်ထားပေးပါ။
စာပိုဒ်များနှင့် ပုံများထဲတွင် ဖော်ပြထားသော variable များသည် တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ဆက်စပ်နေသည်ကို ဖော်ပြပါ။   အချို့သော သုတေသန abstracts များတွင် တွေ့ရှိချက်များနှင့် variable များပါဝင်နေတတ်သည်။  ထိုအရာများသည်လည်း သုတေသနရည်ရွယ်ချက်အတွက် ပံ့ပိုးပေးနိုင်သည်။  သုတေသန abstract တွင် လိုအပ်သော variable များကို မတွေ့ခဲ့လျှင် သုတေသနစာတမ်း၏ အကျဉ်းချုပ်တွင် ရှာပေးပါ။  အကယ်၍ သုတေသန အကျဉ်းချုပ်တွင် တိုက်ရိုက်ဖော်ပြထားသည်များမရှိခဲ့လျှင် the methodology or the results and discussion section များတွင် ရှာဖွေပါ။  ထို့နောက် တွေ့ရှိချက်များနှင့် variables များကို ချက်ချင်း သတ်မှတ်ဖော်ပြပါ။ 
အဆင့် (၄) Conceptual Framework ကို တည်ဆောက်ပါ။
ဖတ်ရှုပြီးသော စာပေ ဆောင်းပါးများမှ ရရှိထားသော variables များကို အသုံးပြုလျက် Conceptual Framework ကို တည်ဆောက်ပါ။ သင်၏  သုတေသနပြဿနာသည် Conceptual Framework တည်ဆောက်ရာတွင် အကိုးအကားတစ်ခုဖြစ်သည်။  ထို့နောက် သင့်လေ့လာမှုသည် အခြားသော သုတေသီများမှ မရှင်းပြသေးသော မေးခွန်းများကို ဖြေကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပါလိမ့်မည်။  သင့် သုတေသနတွင် knowledge gap များကို ဖော်ပြသင့်သည်။
Conceptual Framework ပြုလုပ်ပုံ အဆင့်ဆင့်
Conceptual Framework  ပြုလုပ်လိုသူများအတွက် အကျဉ်းအားဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ပါသည်။
အဆင့် (၁) သုတေသန ခေါင်းစဉ်ရွေးပါ။
မည်သည့်ခေါင်းစဉ်ဖြင့် သုတေသနပြုမည်နည်းကို ဆုံးဖြတ်ပါ။  ထိုခေါင်းစဉ်သည် သင်အထူးပြုလေ့လာနေသော အကြောင်းအရာ ဘာသာရပ်ဖြစ်သင့်သည်။ 
အဆင့် (၂) Literature Review ပြုလုပ်ရေးသားပါ။
မိမိ၏ သုတေသန ခေါင်းစဉ်နှင့် ဆက်စပ်နှီးနွယ်သော၊ updated ဖြစ်သော သုတေသနများကို စစ်ဆေးသုံးသပ်ပါ။  ဖြစ်နိုင်လျှင်  ယုံကြည်အားကိုးလောက်သော သတင်းအချက်များပါဝင်သည့် နာမည်ကျော် သိပ္ပံ ဂျာနယ်များ၊ သက်ဆိုင်ရာ ပညာရှင်များရေးသားထားသော စာပေများကို  သုံးသပ်ပါ။ 
အဆင့် (၃) အရေးကြီးသော variables များကို သီသန့်ထားပေးပါ။
စာပိုဒ်များနှင့် ပုံများထဲတွင် ဖော်ပြထားသော variable များသည် တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ဆက်စပ်နေသည်ကို ဖော်ပြပါ။   အချို့သော သုတေသန abstracts များတွင် တွေ့ရှိချက်များနှင့် variable များပါဝင်နေတတ်သည်။  ထိုအရာများသည်လည်း သုတေသနရည်ရွယ်ချက်အတွက် ပံ့ပိုးပေးနိုင်သည်။  သုတေသန abstract တွင် လိုအပ်သော variable များကို မတွေ့ခဲ့လျှင် သုတေသနစာတမ်း၏ အကျဉ်းချုပ်တွင် ရှာပေးပါ။  အကယ်၍ သုတေသန အကျဉ်းချုပ်တွင် တိုက်ရိုက်ဖော်ပြထားသည်များမရှိခဲ့လျှင် the methodology or the results and discussion section များတွင် ရှာဖွေပါ။  ထို့နောက် တွေ့ရှိချက်များနှင့် variables များကို ချက်ချင်း သတ်မှတ်ဖော်ပြပါ။ 
အဆင့် (၄) Conceptual Framework ကို တည်ဆောက်ပါ။ဖတ်ရှုပြီးသော စာပေ ဆောင်းပါးများမှ ရရှိထားသော variables များကို အသုံးပြုလျက် Conceptual Framework ကို တည်ဆောက်ပါ။ သင်၏  သုတေသနပြဿနာသည် Conceptual Framework တည်ဆောက်ရာတွင် အကိုးအကားတစ်ခုဖြစ်သည်။  ထို့နောက် သင့်လေ့လာမှုသည် အခြားသော သုတေသီများမှ မရှင်းပြသေးသော မေးခွန်းများကို ဖြေကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပါလိမ့်မည်။  သင့် သုတေသနတွင် knowledge gap များကို ဖော်ပြသင့်သည်။
Introduce Yourself (Example Post)
This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right.
You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click the “New Post” button, and tell us why you’re here.
Why do this?
  • Because it gives new readers context. What are you about? Why should they read your blog?
  • Because it will help you focus you own ideas about your blog and what you’d like to do with it.
The post can be short or long, a personal intro to your life or a bloggy mission statement, a manifesto for the future or a simple outline of your the types of things you hope to publish.
To help you get started, here are a few questions:
  • Why are you blogging publicly, rather than keeping a personal journal?
  • What topics do you think you’ll write about?
  • Who would you love to connect with via your blog?
  • If you blog successfully throughout the next year, what would you hope to have accomplished?
You’re not locked into any of this; one of the wonderful things about blogs is how they constantly evolve as we learn, grow, and interact with one another — but it’s good to know where and why you started, and articulating your goals may just give you a few other post ideas.
Can’t think how to get started? Just write the first thing that pops into your head. Anne Lamott, author of a book on writing we love, says that you need to give yourself permission to write a “crappy first draft”. Anne makes a great point — just start writing, and worry about editing it later.
When you’re ready to publish, give your post three to five tags that describe your blog’s focus — writing, photography, fiction, parenting, food, cars, movies, sports, whatever. These tags will help others who care about your topics find you in the Reader. Make sure one of the tags is “zerotohero,” so other new bloggers can find you, too.